တိရစ္ဆာန်မှ လူသို့ကူးစက်သောရောဂါ  ကြိုတင်ကာကွယ်နိုင်ရန် သင်တန်းဖွင့်လှစ်

ကျုံပျော် ၆  မတ်

 

တိရစ္ဆာန်မှ လူသို့ကူးစက်သောရောဂါများအား သိရှိပြီး ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ ပညာပေးသင်တန်း ဖွင့်လှစ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျုံကသောင်ကျေးရွာ၌ မတ် ၅ ရက်က ပြုလုပ်ကြောင်း သိရသည်။

 

" တိရစ္ဆာန်မှာဖြစ်တဲ့ အချို့ ရောဂါတွေက လူတွေကိုကူးစက်ပြီး အသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ ဥပမာ ကြက်ငှက်တုပ်ကွေးရောဂါ၊ ခွေရူးရောဂါ စတာတွေ စတာမျိုးတွေဖြစ်ပါတယ်။ ခွေးရူးရောဂါက ကာကွယ်ဆေး ရှိတဲ့အတွက် တိရစ္ဆာန်ကို ကြိုတင်ကာကွယ်ဆေးထိုးထားနိုင်ပေမယ့် ကြက်ငှက် တုပ်ကွေးလို ရောဂါမျိုးက ကာကွယ်ဆေးမရှိတဲ့အတွက် လူတွေက အသိနဲ့ဆင်ခြင်ပြီး ကြိုတင် ကာကွယ်နိုင်အောင် ပညာပေးသင်တန်းကို ဖွင့်လှစ်ရတာဖြစ်ပါတယ်"ဟု မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဆွေမူဟန်က ဆိုသည်။

 

အဆိုပါ ပညာပေးသင်တန်းသို့ ကျေးရွာမှ သင်တန်းသား (၄၀) ဦး တက်ရောက်ခဲ့ကြပြီး တိရစ္ဆာန်မှ လူသို့ကူးစက်သော ရောဂါများအကြောင်းနှင့် ရောဂါကြိုတင်ကာကွယ်နည်း၊ အသားများ ချက်ပြုတ် စားသောက်ရာတွင် ဆောင်ရန်/ရှောင်ရန်တို့ကို ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသားများ၏ သိလိုသည့် မေးမြန်းချက်များကိုလည်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

ကိုနေဝင်း(ကျုံပျော်)