(၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျွန်းစု၌ ကျင်းပ

ကျွန်းစု  ၆  မတ်

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ မြို့ဦးသံသရာအေးစေတီတော် (၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲကို မတ်လ(၆)ရက်နေ့ နံနက်(၇)နာရီ အချိန်က အဆိုပါ သံသရာအေးစေတီတော် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

 

5832

 

အခမ်းအနားကို နမောဒဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး ကတ္တလူကျေးရွာ၊ ရတနာမာန်အောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ထစန္ဒာသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များနှင့် တက်ရောက်လာကြသူများမှ (၂၄) ပစ္စည်းအား သံပြိုင်ရွတ်ဆို၍ အလှည့်ကျဆရာတော်ဖြစ်သည့် ကျွန်းစုမြို့၊ အမှတ်(၃) ရပ်ကွက်၊ အေးငြိမ်းသုခကျောင်းဆရာတော် ဘဒ္ဒန္ထဉာဏိန္ဒမှ ပဌာန်းဒေသနာတော်များအား ရွတ်ဆိုတော်မူခဲ့သည်။

 

ဗုဒ္ဓပူဇနိယပွဲတော်နှင့် အသံမစဲမဟာ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲအား မတ်လ(၈)ရက် (တပေါင်းလပြည့်နေ့) ထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ အခမ်းအနားသို့ ကျွန်းစုမြို့၊ သီရိမင်္ဂလာ ကျောင်းဆရာတော် ဘဒ္ဒန္ထဝိသေဌနှင့် သံဃာတော်(၁၅)ပါး၊ ကျွန်းစုမြို့၊ တနင်္သာရီ ရေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဇွဲဝင်းမြင့်၊ ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် ဌာနဆိုင်ရာများ၊ သံသရာအေးစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ရပ်မိ /ရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

စည်သူရအောင်(ကျွန်းစု)