ဒီနေ့အတွက် သိကောင်းစရာ (၃၃)

(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂၅) ရက်

ရန်ကုန်တိုင်းဒေသကြီး၏ ရန်ကုန် မြေပုံ အချက်အလက်ဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသို့ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေပေး
သဘာဝပတ်ဝန်းကျင်အား လက်လှမ်းမီသရွေ့ ထိန်းသိမ်းကာကွယ်နိုင်ရေးနှင့် ထင်းသုံးစွဲမှု လျော့ကျစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအား ယနေ့နံနက် (၁၁) နာရီတွင် ဘိုကလေးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ ထင်းကုန်ကျမှုများစွာ သက်သာစေသည့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ဖြန့်ဝေပေးသည်။
မြန်မာ့ရိုးရာ လက်ဝှေ့ပညာရှင်များသို့ ဆန်၊ဆီ၊ဆား၊ ပဲ လှူဒါန်း
တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက မြန်မာ့လက်ဝှေ့ ပညာရှင်များအတွက် ကိုဗစ်-၁၉ ကာလ စားသောက်ရေး အဆင်ပြေစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒုတိယအကြိမ်မြောက် တက္ကသိုလ်များ သုတေသန ညီလာခံ အွန်လိုင်းအစီအစဉ်ဖြင့်စတင်ကျင်းပ
အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီမှ စီစဉ်ကျင်းပသော ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ -၂၀၂၀ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်ရန်ကုန်မြို့ သထုံလမ်း ရှိပါမောက္ခချုပ်များ ကော်မတီ အစည်းအဝေးခန်းမ၌ အွန်လိုင်းအစီအစဉ်ဖြင့် ကျင်းပသည်။
ကုန်းကြမ်းမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများသို့ အိမ်သုံးဆိုလာ (100) W (၁၁၃) စုံအား ထောက်ပံ့ပေးအပ်

မြစ်ရေတင်စီမံကိန်းဧရိယာတွင်  ဆည်ရေကို စနစ်တကျသုံးစွဲရေး ရေအသုံးချသူများ အဖွဲ့(WUG) ဖွဲ့စည်း
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၌ မြစ်ရေတင်စီမံကိန်းဧရိယာအတွင်း စိုက်ပျိုးရေ အသုံးချလျက်ရှိသော ရေသောက်တောင်သူများအတွက် ဆည်ရေကိုစနစ်တကျသုံး စွဲရေးရေ အသုံးချသူများအဖွဲ့(WUG) ဖွဲ့စည်းပေးလျက်ရှိကြောင်း သိရ