ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများသို့ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေပေး

ဘိုကလေး  ၂၅   ဇွန် 

 

သဘာဝပတ်ဝန်းကျင်အား လက်လှမ်းမီသရွေ့ ထိန်းသိမ်းကာကွယ်နိုင်ရေးနှင့် ထင်းသုံးစွဲမှု လျော့ကျစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများအား ယနေ့နံနက် (၁၁) နာရီတွင် ဘိုကလေးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်း၍ ထင်းကုန်ကျမှုများစွာ သက်သာစေသည့် စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ဖြန့်ဝေပေးသည်။

 

ဖြန့်ဝေပေးရာတွင် ဘိုကလေးမြို့နယ်အတွင်းရှိ ကမ်းကြီးကျေးရွာအုပ်စုအတွက် မီးဖိုအလုံးရေ (၂၈၅) လုံး၊ မြင်းကကုန်းကျေးရွာအုပ်စုအတွက် ( ၁၁၀၈) လုံးနှင့် ဘိုးရောင်ကျေးရွာအုပ်စု အတွက် (၈၁၆) လုံးအား မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သဇင်မြင့် ဦးဆောင်သည့် အဖွဲ့မှ ကျေးလက်နေပြည်သူတို့ လက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့ကြောင်းနှင့် ဘိုကလေးမြို့နယ်မှ ကျေးလက်နေပြည်သူများအတွက် စွမ်းအားမြှင့်မီးဖို အလုံးရေ စုစုပေါင်း (၆၃၀၀၀)အား အခမဲ့ဖြန့်ဝေသွားမည်ဖြစ်ပြီး ကျန်ရှိနေသော ကျေးရွာများအား နေ့စဉ် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

မိုးစက်(ဘိုကလေး)