ကုန်းကြမ်းမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများသို့ အိမ်သုံးဆိုလာ (100) W (၁၁၃) စုံအား ထောက်ပံ့ပေးအပ်

လောက်ကိုင် ၂၅ ဇွန်

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်အတွင်းလျှပ်စစ်မီးမရရှိသေးသည့် မင်ဟွာလင်ကျေးရွာအုပ်စု၊ မင်ဟွာလင်ကျေးရွာနှင့် ယွင်ရှင်ကျိုင်းကျေးရွာများသို့ အိမ်သုံးဆိုလာ (100) W (၁၁၃)စုံ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက လောက်ကိုင်မြို့၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကဇာတ်ရုံခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့အလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် ဦးဝေဆန်း၊ ဒုတိယဗိုလ်မှူးကြီး သော်နောင်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းကျော်ကျော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့၊ အဖွဲ့ဝင်များ နှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (လောက်ကိုင်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင် တို့က အိမ်သုံးဆိုလာ (100) W (၁၁၃)စုံ အား မင်ဟွာလင်ကျေးရွာနှင့် ယွင်ရှင်ကျိုင်း ကျေးရွာများမှ ဒေသခံပြည်သူများသို့ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ယင်းထောက်ပံ့ပေးအပ်ခဲ့သည့် အိမ်သုံးဆိုလာ (၁၁၃)စုံ အား သက်ဆိုင်ရာ ကျေးရွာများသို့ ဆက်လက်ပြီး လိုက်လံ တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

 

ဇော်ဇော်အောင်(ပြန်/ဆက်)