လာမည့် နွေရာသီအပြောင်းအရွှေ့တွင် တိုက်စစ်မှူး လူကာကူကို ခေါ်ယူဖွယ်ရှိနေသည့် ချယ်ဆီး
ပရီမီယာလိဂ်ကလပ် ချယ်ဆီးအသင်းသည် လာမည့်နှစ်တွင် ပရီမီယာလိဂ်ဖလားကို ဆွတ်ခူးနိုင်ရန် အတွက် စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းမှ တိုက်စစ်ကစားသမား လူကာကူကို ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ပြန်လည်ခေါ်ယူလိုနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။



