ဂါရတ်ဘေးလ် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များ လွဲချော်မည်

ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် လာမယ့်အောက်တိုဘာလအတွင်းမှာ ဝေးလ်အသင်း ယှဉ်ပြိုင်ကစားမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ လွဲချော်သွားဖို့ရှိနေတာ ဖြစ်ပါတယ်။ ဝေးလ်အသင်းဟာ အောက်တိုဘာလအတွင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် ချက်အသင်း၊ အက်စ်တိုးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

နိုင်ငံတကာ ပွဲစဉ် ၁၀၀ ပြည့်မြောက် အသက် ၃၂ နှစ်အရွယ်ရှိတိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ အောက်တိုဘာ ၈ ရက်မှာ ချက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ဟာ ဂါရတ်ဘေးလ်အတွက် နိုင်ငံ လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာပွဲစဉ် ၁၀၀ ပြည့်မြောက်တဲ့ ပွဲစဉ်လည်းဖြစ်လာမှာဖြစ်ပါတယ်။

ဝေးလ်အသင်းရဲ့ ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးကတော့ စက်တင်ဘာလအတွင်းက ဝေးလ်အသင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်သုံးပွဲအထိ လွဲချော်ခဲ့ရပြီးနောက် လာမည့် အောက်တိုဘာလ အတွင်းမှာ ဝေးလ်အသင်းနဲ့အတူ ပြန်လည်ပါဝင်လာဖို့ ရှိနေတာဖြစ်ပါတယ်။

တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ဝေးလ်လက်ရွေးစင်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ဘီလာရုစ် အသင်းကို ဝေးလ်အသင်းက သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဝေးလ်အသင်းအတွက် ဟက်ထရစ် သွင်းဂိုး သွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ရပ်တည်နေ ဝေးလ်အသင်းဟာ လက်ရှိအချိန်မှာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ယှဉ်ပြိုင် ကစားနေတဲ့ ကမ္ဘာ့ဖလားခြေစစ် ပွဲစဉ်တွေမှာ အုပ်စုအဆင့် တတိယနေရာမှာ ချက်အသင်းနဲ့ ရမှတ်တူ အနေအထားမှာ ရပ်တည်နေပြီး အုပ်စုအဆင့်ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ ရမှတ် ကိုးမှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။

ငွေကြယ်