အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် စင်ကာပူနိုင်ငံ ရွေးချယ်ခံရ

ရန်ကုန်   စက်တင်ဘာ   ၂၈

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ကျင်းပမည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် စင်ကာပူနိုင်ငံကို ရွေးချယ်လိုက်ပြီဖြစ်သည်။

အတည်ပြုရွေးချယ်ခဲ့

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် စက်တင်ဘာ ၂၁ ရက်က ပြုလုပ်သည့် အုပ်စုမဲခွဲပွဲတွင် အိမ်ရှင်နိုင်ငံ အား တစ်ပါတည်းရွေးချယ်ရန် စီစဉ်ထားသော်လည်း ရွေးချယ်ခြင်းမရှိဘဲ တစ်ပတ်အကြာမှသာ အတည်ပြုရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားသည့် ၂၀၂၀ အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည် ဖြစ်ပြီး အုပ်စု (A) တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ခြေစစ်ပွဲအောင်အသင်း(တီမောဘရူနိုင်း)၊ အုပ်စု (B)တွင် လက်ရှိ ချန်ပီယံ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်း တို့ ပါဝင်နေသည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲကို ဒီဇင်ဘာ ၅ ရက်တွင် အိမ်ရှင် စင်ကာပူအသင်းနှင့် စတင် ကစားရမည်ဖြစ်သည်။

ကိုညီလေး