ဧပြီလအတွင်း ယှဉ်ပြိုင်ထိုးသတ်ဖွယ်ရှိနေတဲ့ အိုလက်ဆန်းဒါးအူဆစ်နဲ့ ဂျိုရှူယာတို့ရဲ့ မကျေပွဲ

ယူကရိန်းပရော်ဖက်ရှင်နယ်လက်ဝှေ့သမား အိုလက်ဆန်းဒါးအူဆစ်နဲ့ ဗြိတိန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား အန်သော်နီဂျိုရှူယာတို့ရဲ့ ဟဲဗီးဝိတ်တန်း မကျေပွဲကို ဧပြီလအတွင်းမှာ ယှဉ်ပြိုင် ထိုးသတ်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။
အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် တက်လှမ်းခဲ့ပြီဖြစ်တဲ့ အာဖရိကနိုင်ငံများဖလား ခုနစ်ကြိမ်မြောက်ချန်ပီယံ အီဂျစ်အသင်း
အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ချန်ပီယံဆုဖလားကို ခုနှစ်ကြိမ်အထိ ကိုင်မြှောက်အောင်ပွဲခံနိုင်ခဲ့တဲ့ အီဂျစ်အသင်းဟာ ဆူဒန်အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီးနောက် အုပ်စု(D)ရဲ့ အဆင့် ဒုတိယနေရာနဲ့ ၁၆ သင်းအဆင့်ကို တက်လှမ်း နိုင်ခဲ့ပြီဖြစ်ပါတယ်။
တင်းနစ်မယ်ဘဝမှ အနားယူတော့မယ့် ဆာနီယာမာဇာ
ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲမှာ ချန်ပီယံဆုဖလား ရယူဆွတ်ခူးထား နိုင်ခဲ့ဖူးတဲ့ အိန္ဒိယတင်းနစ်မယ် ဆာနီယာမာဇာဟာ ၂၀၂၂ ခုနှစ်တင်းနစ်ရာသီကုန်ဆုံးချိန်မှာ တင်းနစ်မယ်ဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ငါးလအတွင်း စာချုပ်သစ်ချုပ်ရင် ရောင်းထုတ်မယ်လို့ ဘာစီလိုနာရဲ့ သတိပေးခြင်းခံလိုက်ရတဲ့ အော်စမာနီဒမ်ဘီလီ

တိုက်စစ်ခြေစွမ်းပြပြီး ဘရန့်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ရရှိခဲ့သည့် မန်ယူ

အာရှဖလား အမျိုးသမီးပြိုင်ပွဲအကြို ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

အဲဗာတန်အသင်း နည်းပြသစ်အဖြစ် ရွန်းနီ သို့မဟုတ် လမ်းပတ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာ
ပရီမီယာလိဂ်ကလပ် အဲဗာတန်အသင်းသည် အသင်းရလဒ်များ ဆိုးရွားလာသည့်အတွက် ဘင်နီတက်ဇ် ကို နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီး ဘယ်လ်ဂျီယံအသင်း နည်းပြဖြစ်သူ ရော်ဘတ်တို မာတီနက်ဇ်ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ယခုအခါ ဝိန်းရွန်းနီ သို့မဟုတ် ဖရန့် လမ်းပတ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာသည်။