အာဖရိကနိုင်ငံများဖလား ဆီမီးဖိုင်နယ်သို့ ဘာကီနာဖာဆို၊ အိမ်ရှင် ကင်မရွန်းအသင်းတို့ တက်လှမ်း

အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှ ဘာကီနာဖာဆိုအသင်းနှင့် တူနီးရှားအသင်း တို့ပွဲစဉ်ကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘာကီနာဖာဆိုအသင်းက တစ်ဂိုး -ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားပြီဖြစ်သည်။
၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ မြန်မာအပါအဝင် ၂၄ သင်း ယှဉ်ပြိုင်မည်
အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပမည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို မြန်မာအပါအဝင် အသင်းစုစုပေါင်း ၂၄ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု လှေလှော်ကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်

အာရှဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာနှင့် ဗီယက်နမ် တို့ နှစ်ဂိုးစီ သရေကျ
အိန္ဒိယနိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၂ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံး နေ့ကို ဇန်နဝါရီ  ၂၇ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲက ဆက်လက်ပြုလုပ်ရာ မြန်မာနှင့် ဗီယက်နမ်အသင်း နှစ်ဂိုးစီသရေကျခဲ့သည်။
ပေကျင်းအိုလံပစ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိရေး မျှော်လင့်နေတဲ့ ၂၀၂၆ အိုလံပစ်အိမ်ရှင်ဖြစ်လာမယ့် အီတလီ
၂၀၂၆ ခုနှစ် အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် အီတလီနိုင်ငံဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပမယ့် အိုလံပစ်အားကစားပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိရေး မျှော်လင့်ထားတယ်လို့ အီတလီအမျိုးသားအိုလံပစ်ကော်မတီဥက္ကဋ္ဌ ဂျီယိုဗန်နီမာ လာဂိုက ပြောကြား ခဲ့ပါတယ်။
ကဲလ်ဘရွတ်ကို ရှုံးနိမ့်မှာ မလိုလားဘူးလို့ ထုတ်ဖော်ပြောကြားလိုက်တဲ့ အမီရာခန်
ဗြိတိန်လက်ဝှေ့ကျော် အမီရာခန်ဟာ တစ်နိုင်ငံတည်းသား လက်ဝှေ့ကျော် ကဲလ်ဘရွတ်နဲ့ ယှဉ်ပြိုင် ထိုးသတ်မယ့် လက်ဝှေ့ပြိုင်ပွဲမှာ ပြိုင်ဘက်ဖြစ်တဲ့ ကဲလ်ဘရွတ်ကို ရှုံးနိမ့်မှာမလိုလားဘူးလို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
အိုင်ဗရီကို့စ်ကို အနိုင်ရရှိခဲ့တဲ့ အီဂျစ်အသင်း ကွာတားဖိုင်နယ်တွင် မော်ရိုကိုနဲ့ ယှဉ်ပြိုင်ကစားရမည်