အဲဗာတန်အသင်း နည်းပြသစ်အဖြစ် ရွန်းနီ သို့မဟုတ် လမ်းပတ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာ
ပရီမီယာလိဂ်ကလပ် အဲဗာတန်အသင်းသည် အသင်းရလဒ်များ ဆိုးရွားလာသည့်အတွက် ဘင်နီတက်ဇ် ကို နည်းပြအဖြစ်မှ ထုတ်ပယ်လိုက်ပြီး ဘယ်လ်ဂျီယံအသင်း နည်းပြဖြစ်သူ ရော်ဘတ်တို မာတီနက်ဇ်ကို ခေါ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် ယခုအခါ ဝိန်းရွန်းနီ သို့မဟုတ် ဖရန့် လမ်းပတ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာသည်။ 
အာရှဖလား အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း လက်ရှိချန်ပီယံ ဂျပန်အသင်းနှင့် အုပ်စုအဖွင့်ပွဲ ကစားရမည်
ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် လက်ရှိချန်ပီယံ ဂျပန်အသင်း နှင့် အုပ်စုအဖွင့်ပွဲ စတင်ကစားရမည်ဖြစ်သည်။
ပရီမီယာလိဂ် နောက်ဆုံးခုနစ်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိခဲ့မှုနဲ့အတူ ချယ်လ်ဆီးကစားသမားတွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေပြီဟု တူချယ်ပြောကြား
ချယ်လ်ဆီးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၂၃ အဖြစ် ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ဘရိုက်တန်အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်သာထွက်ပေါ်ခဲ့တာကြောင့် နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ခုနစ်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိခဲ့တဲ့ မှတ်တမ်းဆိုးတစ်ရပ်ကို ပိုင်ဆိုင် ခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ် တက်ရောက်ကြည့်ရှုအားပေး

အာရှဖလား အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဒိုင်လူကြီးတစ်ဦး တာဝန်ထမ်းဆောင်မည်
ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် ၂၀၂၂ အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဒိုင်လူကြီးတစ်ဦး တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။
အာဆီယံ ယူ-၂၃ ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်နေ
မြန်မာ ယူ-၂၃ အသင်းသည် ယခု နှစ်ဝက်မတိုင်မီ ယှဉ်ပြိုင်ရမည့် အာဆီယံယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။