(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကူရတ်(Kurash)အားကစားနည်း ရွှေတံဆိပ်ဆု ဆွတ်ခူးရန် မျှော်မှန်း
ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား (ဆီးဂိမ်း)ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ကူရတ်(Kurash)အားကစားနည်းတွင် ကစားသမား အများအပြားဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးရန် မျှော်မှန်းထားကြောင်း သိရသည်။





