ရန်ကုန်အသင်း နိုင်ပွဲပြန်ရပြီး ထိပ်ဆုံးမှ ဟံသာဝတီအသင်း နိုင်ပွဲဆက်

မြန်မာ ယူ-၂၂ တိုက်စစ်မှူး အောင်ကောင်းမာန် ထိုင်းလိဂ်-၂ ကလပ်သို့ ပြောင်းရွှေ့
၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့သည့် မြန်မာယူ-၂၂ အသင်းတိုက်စစ်မှူး အောင်ကောင်းမာန် သည် ထိုင်းလိဂ်ပွဲစဉ်များမစတင်မီ ထိုင်းလိဂ်-၂ ကလပ်အသင်းသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့သည်။
World Lethwei Championship  ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ စိုးမင်းအောင် အမှတ်ဖြင့်အနိုင်ရ
World Lethwei Championship  ပြိုင်ပွဲကို ဩဂုတ်၂၈ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ စိုးမင်းအောင်က အာသာတီ (ဥဇဘက်ကစ္စတန်)ကို အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ ဂုဏ်ထူးဆောင်နည်းပြလက်မှတ် ချီးမြှင့်
မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံခိုင်မှုအားကစားဖွဲ့ချုပ်၏ ဂုဏ်ထူးဆောင်နည်းပြ လက်မှတ်နှင့် နည်းပြ မှတ်ပုံတင် လက်မှတ်ချီးမြှင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ မအူကုန်းအားကစားခန်းမ၌ ကျင်းပခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ်နေရာအပြောင်းအလဲပြုလုပ်
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပထမအကျော့ အပြီးမှာပင် နည်းပြချုပ်နေရာ အပြောင်းအလဲပြုလုပ်ခဲ့သည်။
ရတနာပုံ-ရန်ကုန်ပွဲဖြင့် စတင်မည့် MNL ပြိုင်ပွဲ ဒုတိယအကျော့
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ဒုတိယအကျော့ အဖွင့်ရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၁၂) ကို သြဂုတ် ၃၀၊ ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး MNL စတင်ကတည်းက အစဉ်အလာရှိခဲ့သည့် ပြိုင်ဘက်နှစ်သင်းဖြစ်သည့် ရတနာပုံ-ရန်ကုန်ပွဲဖြင့် စတင်မည်ဖြစ်သည်။