အမျိုးသမီးလိဂ်တွင် လက်ရှိချန်ပီယံ အားကာသိပ္ပံအသင်း နိုင်ပွဲဆက်

အောက်တိုဘာ ၂၀

၂၀၂၂ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၅) ပထမနေ့ကို အောက်တိုဘာ ၂၀ ရက်က ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပရာ လက်ရှိချန်ပီယံ အားကာသိပ္ပံအသင်းက Young Lionesses အသင်းကို ၁၄ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

လက်ရှိချန်ပီယံ အားကာသိပ္ပံအသင်းသည် Young Lionesses အသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ရခဲ့သည်။ အားကာသိပ္ပံအသင်းသည် ပထမပိုင်းတွင် ခြောက်ဂိုး၊ ဒုတိယပိုင်းတွင် ရှစ်ဂိုးသွင်းယူကာ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။အားကာသိပ္ပံအသင်းအတွက် ဂိုးများကို ခြောက်မိနစ်တွင် မိုးမိုးသန်း၊ ၉ မိနစ်တွင် နှင်းပွင့်အေး၊ ၁၂၊ ၁၃၊ ၄၆ မိနစ်တွင် ရွှေရည်ထွန်း၊ ၁၄၊ ၁၉ မိနစ်တွင် နန့်မေသဇင်၊ ၆၉၊ ၇၆ မိနစ်တွင် ခင်မာလာထွန်း၊ ၇၇၊ ၇၈၊ ၈၆ မိနစ်တွင် မီမီဇင်၊ ၇၉၊ ၈၄ မိနစ်တွင် ယဉ်လွန်းအိမ်တို့က သွင်းယူခဲ့သည်။

ယခုပွဲအပြီးတွင် လက်ရှိချန်ပီယံ အားကာသိပ္ပံအသင်းက လေးပွဲကစား ရမှတ် ၁၀ မှတ်၊ Young Lionesses အသင်းက ငါးပွဲကစား ရမှတ် သုံးမှတ် ရရှိထားသည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MWL