ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေ

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်နေပြီး အမ်ဘတ်ပီနဲ့အတူ ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား ဗီနီစီးယပ်ဂျူနီယာနဲ့ မန်စီးတီး အသင်း တိုက်စစ်မှူး ဟာလန်းတို့ဟာလည်း ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးကစားသမားစာရင်းရဲ့ ထိပ်ဆုံး ကစားသမားသုံးဦးစာရင်းမှာ ပါဝင်နေတယ်လို့ CIEF ဘောလုံးဆိုင်ရာလေ့လာရေးသုတေသနအဖွဲ့က ပြောကြားခဲ့ပါတယ်။
၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအုပ်စု ပထမနေ့ မြန်မာနှင့် တာဂျစ်ကစ္စတန် ယနေ့ ကစားမည်
အာရှဘောလုံးအဖွဲ့ချုပ်က စီစဉ်ကျင်းပသည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စု ပထမနေ့ကို ဇွန် ၈ ရက် (ယနေ့)စတင်မည်ဖြစ်ပြီး စုစုပေါင်း ၁၂ ပွဲ ကျင်းပမည်ဖြစ်သည်။ မြန်မာ အသင်းသည် တာဂျစ်ကစ္စတန် အသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် ကာဂျစ္စတန်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
စပိန်တင်းနစ်အကျော်အမော် ရာဖေးလ်နာဒယ် ပြင်သစ်အိုးပင်းတင်းနစ်ဆုဖလား (၁၄)ကြိမ်မြောက် ဆွတ်ခူး
​​​​​​​စပိန်တင်းနစ် အကျော်အမော် ရာဖေးလ်နာဒယ်နဲ့ နော်ဝေတင်းနစ် ကစားသမား ကက်စပါရုဒ်တို့ ဇွန် ၅ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း နောက်ဆုံး ဗိုလ်လုပွဲစဉ်မှာ ရာဖေးလ်နာဒယ်က ကက်စပါရုဒ်ကို အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်အိုးပင်းတင်းနစ် ဆုဖလားကို (၁၄)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
နေးရှင်းလိဂ်အဖွင့်ပွဲစဉ်တွင် နာမည်ကြီး ဂျာမနီအသင်း သရေကျပြီး အင်္ဂလန်အသင်း ရှုံးနိမ့်
ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် လိဂ်(အေ) အုပ်စု ၃ မှ နာမည်ကြီး အီတလီအသင်း နှင့် ဂျာမနီ အသင်းတို့ပွဲစဉ်ကို ဇွန် ၅ ရက် နံနက်ပိုင်း က အီတလီအိမ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ အီတလီအသင်းသည် ယခုပွဲစဉ် မတိုင်မီ Finalissima ဗိုလ်လုပွဲတွင်အာဂျင်တီးနားအသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ပြီး သုံးဂိုးပြတ်ရှုံးနိမ့်ထားသည်။ ယခုပွဲစဉ်တွင် အီတလီအသင်းသည် အာဂျင်တီးနားအသင်းနှင့် ပွဲစဉ်ကထက် ကစားအားတက်လာခဲ့ပေမယ့် ဂျာမနီအသင်းကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ချေ။
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ် ပြင်သစ်အိုးပင်းတင်းနစ်ဖလား ဆွတ်ခူး
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်နဲ့ အမေရိကန်ဆယ်ကျော်သက်တင်းနစ်မယ် ကိုကိုဂေါက်ဖ်တို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ဆွီယာတက်ခ်က အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်အိုးပင်းတင်းနစ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် ပိုက်ကျော်ခြင်း အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

 

အီတလီအသင်းကို အနိုင်ရပြီး အာဂျင်တီးနားအသင်း Finalissima ဖလားဆွတ်ခူး
ဥရောပချန်ပီယံ အီတလီအသင်းနဲ့ တောင်အမေရိကချန်ပီယံ အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ Finalissima ဖလားပွဲစဉ်မှာ အာဂျင်တီးနားအသင်းက အီတလီ အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အာဂျင်တီးနားအသင်းဟာ Finalissima ဖလားကို ရယူဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။