ညောင်ဦးမြို့နယ် ကုန်းတန်းကြီးကျေးရွာရှိ တောင်သူများ GAP စနစ်ကျင့်သုံးစိုက်ပျိုးနိုင်ရေး မြေသြဇာကုမ္ပဏီမှ လာရောက်ဆွေးနွေး   

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အတွင်းရှိ ကျေးလက်တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်မှုကို GAP စနစ်နှင့် ကျင့်သုံးစိုက်ပျိုးခြင်း အော်ဂဲနစ်နည်းပညာများကို ..........
၂ လအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် ဗီယက်နမ် ရရှိ
ဗီယက်နမ်နိုင်ငံက ယခုနှစ် ပထမနှစ်လအတွင်း ပင်လယ်စာများ အထူးသဖြင့် ပုဇွန်နှင့် ငါးခူများ တင်ပို့မှုမှ အ မေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံနီးပါး ဝင်ငွေရရှိခဲ့ပြီး နှစ်အလိုက် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မတ်လ ၇ ရက်တွင် ပြောကြားသည်။ 
မရင်းကုန်းကျေးရွာရှိ ဖရဲစိုက်တောင်သူများ ယခုနှစ်တွင် အကျိုးအမြတ်ဖြစ်ထွန်းနိုင်ဟု ဖရဲစိုက်တောင်သူတစ်ဦးပြောကြား
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် မရင်းကုန်းကျေးရွာရှိ ဖရဲစိုက်တောင်သူများ ယခုနှစ် ဖရဲစိုက်ရာသီတွင် ----------
ဘိုကလေးမြစ်ဝ မြစ်အတွင်း ငါးကောင်ရေ ၁၀ သိန်းကျော် ငါးမျိုးစိုက်ထည့် 
ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြေးတိုင်အင်းများ၏ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက သဇင်ငူရွာထိပ် ဘိုကလေးမြစ်ဝ မြစ်အတွင်း ကျင်းပခဲ့သည်။
မြစ်သားမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မှိုစိုက်ပျိုးနည်း သင်တန်းဖွင့်
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ပြည်သူ့စွမ်းဆောင်ရည် မြှင့်တင်ရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မှိုစိုက်ပျိုးနည်းသင်တန်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၌ မတ်လ ၅ရက်နေ့ နံနက် ၁၀နာရီက စတင် ဖွင့်လှစ်ခဲ့သည်။
ဂန့်ဂေါတွင် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်း လက်တွေ့ ပြုလုပ်ပြသ
ဂန့်ဂေါခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေးနည်းပညာပေး ဟောပြောပွဲနှင့် သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲနည်းကို မတ်လ ၅ ရက် နေ့လည်ပိုင်းက ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
တရုတ်နိုင်ငံမှ ကျွဲ၊ နွားများ ဝယ်ယူခြင်း မရှိတော့သည့်အတွက် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေရ
မြန်မာနိုင်ငံ အရပ်ဒေသအသီးသီးမှ  ကျွဲ၊  နွား တင်ပို့နေသည့်  ကုမ္ပဏီများသည်  မူဆယ် (၁၀၅)မိုင်  ကျွဲ၊  နွားကွင်းများတွင် အရောင်းအဝယ် မဖြစ်ဘဲ ရှိနေသည့်အတွက် ကုန်သည်များ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျွဲ၊ နွား တင်ပို့သူများအသင်းထံမှ သိရသည်။