စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်ရရှိသော ကလေးသူငယ်များအား ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စစ်မှုထမ်းခြင်းမှ နုတ်ထွက်ခွင့်ရရှိသော ကလေးသူငယ်များအား ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီးဌာနများ၏ နည်းပညာလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ M-Gallery Hotel ၌ ကျင်းပသည်။





