နေပြည်တော် ၂၇ စက်တင်ဘာ

           

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်ပင်မဓာတ်အားခွဲရုံ၊ သာကေတဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားကွပ်ကဲရေးဌာန (ရန်ကုန်)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

           

ဒုတိယဝန်ကြီးသည် သန်လျင်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ၂၃၀ ကေဗွီ သန်လျင်ပင်မဓာတ်အားခွဲရုံ၌ ၂၃၀/၃၃/၁၁ ကေဗွီ ၁၀ဝ အမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်နေမှု၊ သာကေတသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၌ JICA ချေးငွေဖြင့် ဓာတ်အားခွဲရုံ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် အလုံမြို့နယ်ရှိ ဓာတ်အားကွပ်ကဲရေးဌာန (ရန်ကုန်)၌ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထိန်းချုပ်ပို့လွှတ် ဖြန့်ဖြူးပေးနေမှုနှင့် ရုံးအဆောက်အဦအသစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

သတင်းစဉ်