ညောင်လေးပင်မြို့နယ်တွင် မိုးစပါးရေကြီးနစ်မြုပ်ပျက်စီး လယ်ဧကများအတွက် မျိုးစပါးများပေးအပ်
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ရေကြီးနစ်မြုပ် ပျက်စီးခဲ့သည့် လယ်ဧကများအတွက် ပြန်လည်စိုက်ပျိုးမည့် တောင်သူများအား မျိုးစပါးပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၄ ရက် နံနက်  ၉ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌  ထောက်ပံ့ပေးအပ်ခဲ့သည်။
ကလေးငယ်များ ဉာဏ်ရည်ထက်မြက်စေရန်၊ ကိုယ်ခန္ဓာ ဖွံ့ဖြိုးစေရန် နို့ကြက်ဥတိုက်ကျွေး

(၄)ကြိမ်မြောက် ကယ်ရီကေးချားပန်းချီပြပွဲ မန္တလေးတောင်ခြေ ပန်းချီပြခန်းတွင် ကျင်းပ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်ခရိုင်တွင် Food And Drug Administration (FDA) ရုံးနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

လိုင်လွီးရွာတွင် ကျေးလက်မီးလင်းရေး ဆောင်ရွက်
ချင်းပြည်နယ် တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနှင့် Japan International Co-oparation Service (JICS)တို့ပူးပေါင်း၍ ကျေးရွာ(၃)ရွာ၌ ဆိုလာမီးလင်းရေးဆောင်ရွက်လျက်ရှိရာ လိုင်လွီးကျေးရွာတွင်၂၀၁၇ ခုနှစ်က ဆောင်ရွက်ခဲ့သော ဆိုလာမီးလင်းရေးလုပ်ငန်းအား ၂၀၁၉ ခု မိုးရာသီအတွင်း သဘာဝဘေးဒဏ်မိုးကြိုးပစ်လျှပ်စီးလိုက်ခြင်းကြောင့် ပျက်စီးမှုအား ယမန်နေ့က တီးတိန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြားပေါင်းလိုက် သမန်းနှိုးစက် အသုံးပြုခြင်း တောင်သူပညာပေး 
ကရင်ပြည်နယ်၊ကော့ကရိတ်မြို့စက်မှုလယ်ယာဦးစီးဌာနအမှတ်(ဆွယ်) စက်မှုလယ်ယာစခန်းမှ ယမန်နေ့ နံနက်(၈)နာရီချိန်က ကော့နွဲကျေးရွာ၊ တောင်သူဦးစောမင်းအောင်၏ စံပြစပါးစိုက်ခင်း(၁၀)ဧကတွင် ကြားပေါင်းလိုက် သမန်းနှိုးစက် (PowerWeeder) အသုံးပြုခြင်း တောင်သူပညာပေး ကွင်းလက်တွေ့ပြသပွဲကို ကျင်းပသည်။