မန္တလေး ၄ အောက်တိုဘာ
၄ ကြိမ်မြောက် ကယ်ရီကေးချားပန်းချီပြပွဲ (4th CARICATURE ART) ART EXHIBITION ပြပွဲကို အောက်တိုဘာလ ၄ ရက်နံနက် ၉ နာရီက မန္တလေးမြို့အောင်မြေ သာစံမြို့နယ်ရှိ မန္တလေးတောင်ခြေပန်းချီပြခန်း (Mandalay Hill Art Gallery Near Two Guardian Lions) ဖွင့်ပွဲ ကျင်းပသည်။
အဆိုပါပန်းချီပြပွဲတွင် ထူးထူးခြားခြားကယ်ရီကေးချား ပုံများကို ပန်ချီဆရာ(၁၀)ဦးမှ ရေးဆွဲ ထားသော ကယ်ရီကေးချားပုံချီပုံ (၈၀) ခန့် ပြသထားသည်။ ပြပွဲတွင်ပြသရေး ဆွဲထားသည့်ဆရာများမှာ ဆရာဝင်းမြင့်အောင်၊ ဆရာသိန်းထွန်းဦး၊ ဆရာအဂ္ဂ၊ ဆရာမျိုးမြင့်ထွန်း၊ ဆရာနိုင်နိုင်အောင်၊ ဆရာBnyo၊ ဆရာမက်မန်းသီး၊ ဆရာ Northem Wolf၊ ဆရာအောင်လင်း၊ ဆရာဝေယံတို့၏ ကယ်ရီကေးချားပန်းချီကားများကို ပြသထားသည်။ ထူးခြားသည့် ကယ်ရီကေးချား လက်ယာများ ဖြစ်ပြီး မြန်မာပြည်၏ အထင်ကရပုဂ္ဂိုလ်များ၏ ပုံများကို ရေးဆွဲပြသထားသည် ဟု သိရှိရသည်။
ပြပွဲကို အောက်တိုဘာလ(၄) ရက်မှ (၆)ရက်အထိ (၃) ရက်တိုင် နေ့စဉ် နံနက်(၉) နာရီမှ ည (၉) နာရီထိ ပြသထားမည်ဟု သိရှိရသည်။ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


