သီတင်းကျွတ်ပွဲတော်အပြီး လုပ်ငန်းခွင်ပြန်ကြသည့်ခရီးသည်များပြားသော်လည်း ကလေးအခြေစိုက် အဝေးပြေးပင်မယာဉ်ရပ်နားစခန်းမှ အဆင်ပြေအောင်ဆောင်ရွက်ပေး
သီတင်းကျွတ်ရာသီ ရက်ရှည်ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ကာလများတွင် ခရီးထွက်၊ နေရပ်ပြန်သူများ သီတင်းကျွတ်ပွဲတော်အပြီး မိမိလုပ်ငန်းခွင်ပြန်ကြသူများ များပြားသည့်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့အခြေစိုက် အဝေးပြေး ပင်မယာဉ်ရပ်နားစခန်း၌ ကားလက်မှတ်ဖြတ်သူ များပြားသော်လည်း ကလေးမြို့ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီမှ အဆင်ပြေအောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ








