ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ချင်းပြည်နယ်အတွင်းရှိ လမ်း/တံတားနှင့် အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်တို့သည် ယမန်နေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်၊ လမ်းဦးစီးဌာနမှ ဟားခါး - ထန်တလန် လမ်းအပိုင်းအား (၁၂)ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း၊ မိုင်တိုင်အမှတ် (၁)မိုင်(၇)ဖာလုံနှင့် (၂)မိုင်(၄)ဖာလုံအကြား (၁၈)ပေအကျယ် ကတ္တရာလမ်း တိုးချဲ့ခြင်း၊ ကျောက်စီမြေထိန်းနံရံနှင့် ကျောက်စီရေမြောင်းဆောင်ရွက်ခြင်း၊ ထန်တလန်မြို့တွင် ကတ္တရာကွန်ကရစ်(AC) ခင်းပြီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မိုးကောင်းမြို့၌ သတင်းကျွတ်အခါသမယ ဒုတိယနေ့တွင်လည်း ဘုန်းကြီးကျောင်းတက် ဘုရားဖူးကန်တော့သူများဖြင့် စည်ကား
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ဝါလကင်းလွတ် သတင်းကျွတ်အခါသမယ၌ ဘုန်းကြီးကျောင်းတက် ဘုရားဖူးကန်တော့သူများဖြင့် စည်ကားလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းတွင် တွေ့မြင်ရသည်။
မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးမည်
စင်ကာပူနိုင်ငံ SingHealth ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Myanmar Kindness Foundation တို့ ပူးပေါင်းကာ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အောက်တိုဘာ နောက်ဆုံးပတ်အတွင်း မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ အခမဲ့ ခွဲစိတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထန်းတပင်မြို့တွင် သီတင်းကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် သီတင်းကျွတ်ကာလ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို (သီတင်းကျွတ်လပြည့်ကျော် (၂)ရက်နေ့) အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီက အမှတ်(၄)ရပ်ကွက်ရှိ ဓမ္မာရုံမှ စတင်ကြွချီ၍ ဆွမ်းဆန်စိမ်းအလှူတော်ခံယူခဲ့ကြသည်။
သီတင်းကျွတ် ရုံးပိတ်ရက်ရှည် ကာလအတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အပန်းဖြေစခန်းများသို့ ပြည်တွင်း ခရီးသွားများ ဝင်ရောက်မှုများပြား

သီတင်းကျွတ်အားလပ်ရက်များတွင် ဘားအံမြို့နှင့် ပတ်ဝန်းကျင်အထင်ကရနေရာများ၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက် လည်ပတ်အပန်းဖြေသူများဖြင့် အထူးစည်ကား
ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်တည် တိုးတက်လာသည်နှင့်အညီ နယ်မြေတည်ငြိမ် အေးချမ်းလာသည်နှင့်အမျှ ------
(၃၂)ကြိမ်မြောက် မွန်ရိုးရာ ပဒေသာပင်လှည့်လည်ပူဇော်ပွဲ ကော့ဘိန်ကျေးရွာတွင် စည်ကားစွာကျင်းပ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကော့ဘိန်းကျေးရွာ၊ ကော့ပေါက်ကျေးရွာတို့သည် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့ရောက်တိုင်း နှစ်စဉ်နှစ်တိုင်း ငွေပဒေသာပင်လှည့်လည်၍ ပူဇော်ကြကြောင်း သိရသည်။