မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေတမော့ဗရတ် သာသနာပြုနယ်မြေ ကိုရင်လေးဆရာတော် အရှင်ပုပ္ဖရမ္မကျောင်းတွင် သီတင်းကျွတ်ကျောင်းပိတ်ရက်နှင့် အစိုးရရုံးပိတ် (၅)ရက်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ၊ နိုင်ငံခြားသားခရီးသွား ဧည့်သည်များမှ ဆရာတော်အား လာရောက်ဖူးမျှော်ခဲ့ကြသည့် ဘုရားဖူးဧည့်သည့်များဖြင့် စည်ကားလျက်ရှိသည်။