(၁၃၁)ကြိမ်မြောက် ကျောက်တော်ကြီးဘုရားပွဲတော် သံဃာတော်အပါး(၂၁၆၀) တို့အား သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲကျင်းပ

(၁၃၁)ကြိမ်မြောက် ကျောက်တော်ကြီးဘုရားပွဲတော် သံဃာတော်အပါး(၂၁၆၀) အား ဆွမ်း လောင်းလှူပွဲ ကို မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားဝင်းတွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုရာ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်ဦးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောက်တော်ကြီး ဘုရားဂေါပကအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊အလှူရှင်များ တက်ရောက်၍  ဆွမ်း လောင်းလှူခဲ့ကြ
(၁၀၁)ကြိမ်မြောက် ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီလှည့်လည်အပူဇော်ခံခဲ့သည့်ဘုရားကားများအား ဆုချီးမြှင့်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်လုံးဆိုင်ရာ (၁၀၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်မြတ်များ ဒေသစာရီ လှည့်လည်အပူဇော်ခံတွင် ဘုရားများပင့်ဆောင်ပူဇော်သည့် ကားများအား ဘုရားဖြစ်တော်စဉ် မှန်ကန်စွာ သရုပ်ဖော်နိုင်မှု၊ ယဉ်ကျေးမှုဓလေ့ကို ဖော်ကြူးနိုင်မှု၊ သာသနာတော်ကို ပြန့်ပွား အောင်ဖော်ကြူးနိုင်မှု စသည့်အချက်များကိုအခြေခံ၍ ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပ
ဓမ္မခရီးကြွချီမည့် မဲခေါင်မြစ်ဝှမ်းဒေက ငါးနိုင်ငံမှ သံဃာတော်များအား ဆွမ်းဆန်တော်လောင်းလှူပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တက်ရောက်လှူဒါန်း

 

ကလိန်အောင်မြို့ နတ်အိမ်တောင်သွားကားလမ်းအနီး၌  သိမ်းဆည်းထားသည့် တရားမဝင် ရွှေမျောလုပ်ငန်း အသုံးပြုသည့်စက်နှင့် ဆက်စပ်ပစ္စည်းများ ပြန်လည်လွှဲပြောင်းပေးအပ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ နတ်အိမ်တောင်သွားကားလမ်း အနီး၌ နယ်မြေခံတပ်ရင်းမှ သိမ်းဆည်းထားသည့် တရားမဝင်ရွှေမျောလုပ်ငန်း အသုံးပြုသည့်စက်နှင့် ဆက်စပ်ပစ္စည်းများအား  အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက အဆိုပါနေရာ၌ ထားဝယ်မြို့ အမှတ်(၂)သတ္တုတွင်းဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရ
မိုးညိုမြို့နယ်တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အခြေခံရှေးဦးသူနာပြုသင်တန်းဖွင့်လှစ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့မရပ်ကွက် ထင်းရှူးမြိုင်လမ်းရှိ အလက(ခွဲ) မြို့မကျောင်းတွင် ယနေ့နံနက်က မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အခြေခံရှေးဦးသူနာပြု သင်တန်းဖွင့်ပွဲ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ဌေးနှင့် တပ်ဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းအောင်နှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား သင်တန်းသူ ၇၀ တက်ရောက်ခဲ့
လိပ်သိုမြို့ မစ(အထက်)ကျေးရွာတွင် ၂၀၁၉ ခုနှစ် ကမ္ဘာ့လက်ဆေးနေ့ အခမ်းအနားပြုလုပ်
ကရင်ပြည်နယ် လိပ်သိုမြို့ မစ (အထက်) ကျေးရွာ မူလတန်းကျောင်း၌ ယမန်နေ့ နံနက် (၉)နာရီက WORLD Concern အဖွဲ့နှင့် KMSSအဖွဲ့တို့ ပူးပေါင်း ၍ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဝင်ငွေမြှင့် တင်ရေးနှင့်  အာဟာရဖွံ့ဖြိုးရေးစီမံကိန်းမှ ၂၀၁၉ ခုနှစ် ကမ္ဘာ့လက်ဆေးနေ့ အခမ်းအနားကျင်းပခဲ့
ထီးချိုင့်မြို့နယ်တွင် (၁၁၃) ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပူဇော်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ထီးချိုင့်မြို့နယ် အမှတ်(၃)ရပ်ကွက်တွင် (၁၁၃) ကြိမ်မြောက် ဆွမ်းတော်ကြီး လောင်းလှူ ပူဇော်ပွဲကို ယနေ့နံနက် (၇) နာရီက လောင်းလှူခဲ့ကြကြောင်း သိရ