မြေယာကိစ္စများနှင့် ပတ်သက်၍ အမှုတွဲများကို ဖြေရှင်းရာတွင် သက်ဆိုင်ရာအဆင့်အလိုက် မူဝါဒများနှင့်အညီ အမြန်ဆုံးစိစစ်ဖြေရှင်းနိုင်ရေး ညှိနှိုင်းဆွေးနွေး
ကချင်ပြည်နယ်အတွင်း မြေယာကိစ္စများဖြေရှင်းရာတွင် သက်ဆိုင်ရာအဆင့်အလိုက် မူဝါဒများနှင့်အညီ ကြန့်ကြာမှုမဖြစ်စေဘဲ အမှုတွဲများဖြေရှင်းရာတွင် အမြန်ဆုံး စိစစ်ဖြေရှင်းနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က တိုက်တွန်း မှာကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီဝင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးများနှင့် ကော်မတီအဖွဲ့ ဝင်များ တက်ရောက်ခဲ့ကြ






