ဖာပွန် ၃၁  အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို  ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်ပြန်/ဆက်ဦးစီးဌာနရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

 

 ရှေးဦးစွာ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးသီးပေးအပ်ချီးမြှင့်သည်။

 

 အဆိုပါ အခမ်းအနားသို့ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)