ဆင်ပေါင်ဝဲ      ၃၁    အောက်တိုဘာ 

 

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့တွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပ ပြုလုပ်သည်။

 

၁

 

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်စိုးလင်းမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှုးမှ မြို့နယ်အဆင့်ဌာနများသို့ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်ဒေသန္တရစီမံကိန်းများကို တာဝန်ပေးအပ်ခဲ့ သည် ။

 

ဆက်လက်ပြီး မြို့နယ်စီမံကိန်းဦးစီးမှုး ဒေါ်ဌေးဌေးမြင့်မှ ဆင်ပေါင်ဝဲမြို့နယ်၏ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ၊ အောက်တိုဘာလ မှ စက်တင်ဘာလအထိ ရည်မှန်းချက်များအပေါ် အကောင်အထည် ဖော်နိုင်မှု အခြေအနေနှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်စိုးလင်းမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခန့်ဝင်း(ပြန်/ဆက်)