ကျောက်ဆည်မြို့တွင် (၅၉)ကြိမ်မြောက် ဝေဘူရတနာသုံးပါးပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဝေဘူချောင်တွင် ပထမဝေဘူဆရာတော်ကြီးကိုယ်တိုင် ကောဇာသက္ကရာဇ်(၁၃၂၃)ခုနှစ်၊(၁၉၆၁-ခုနှစ်၊နိုဝင်ဘာ ၂၉/၃၀)ရက်နေ့မှ စတင်၍ကျင်းပခဲ့သော ဝေဘူရတနာ သုံးပါး ပူဇော်ပွဲကြီးကို ယခုနှစ် ကောဇာသက္ကရာဇ်(၁၃၈၂)ခုနှစ်၊(၂၀၁၉-ခုနှစ်၊နိုဝင်ဘာလ ၁၈/၁၉)ရက်နေ့များ တွင်(၅၉)ကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရတနာသုံးပါးပူဇော်ပွဲကျင်းပ ရေးဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရှိရသည်။






