ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန်မြို့ ရုပ်ရှင်လမ်းကြားဉယျာဉ်ကို ၃၃ လမ်းနှင့် ၃၄ လမ်း (အထက်)တွင် နိုဝင်ဘာလ ၁၇ ရက်နေ့၌ ဖွင့်လှစ်မည်
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်းနှင့် ၃၄ လမ်း (အထက်)တွင် ဉယျာဉ်ဖြစ်မြောက်ရေးကော်မတီ နှင့် ရန်ကုန်ဝေါတို့ ပူးပေါင်းဖန်တီးထားသော .............
ဒေးဒရဲမြို့နယ်တွင် တိုးမြစ်ကမ်းပါးနိမ့်လျှောဆင်းခြင်းကြောင့် လူနေအိမ်များဘေးလွတ်ရာသို့ ပြောင်းရွှေ့
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျုံဘုတ်ကျေးရွာအုပ်စု စက်ကုန်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၂ နာရီအချိန်က တိုးမြစ်ကမ်းပါးနိမ့်လျှော ဆင်းခြင်းကြောင့် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ရာ လူနေအိမ်များ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
မိုင်းယောင်း၌ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများ နယ်လှည့်ဆောင်ရွက်ပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများကို ...........
ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် မြန်မာနိုင်ငံ သံနှင့် သံမဏိလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသိန်းဇော်သည် မြန်မာနိုင်ငံ သံနှင့် သံမဏိလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ရသစာတမ်း(အက်ဆေး) အမျိုးသားစာပေဆု
"၁၉၆၉ ခုနှစ်လောက်ကစပြီး ကဗျာရေးခဲ့တာပါ။ ၂၀ဝဝ ပြည့်နှစ်နောက်ပိုင်းလောက်မှ အက်ဆေးတွေဘက် လမ်းကြောင်းပြောင်းတာပေါ့နော်။ ကျွန်တော်က အက်ဆေးကို နောက်ပိုင်းမှ စိုက်ရက်မတ်တပ်ရေးဖြစ်တာ ပေါ့။ ရေးဖြစ်တဲ့အချိန်မှာ အက်ဆေးတွေက တော်တော်စုပုံနေတယ်။ အဲဒါတွေ ပြန်လည်စုစည်းပြီး စာအုပ် တွေ ထုတ်ဖြစ်တာပေါ့။ ကျွန်တော်ထုတ်တာ အက်ဆေး ၄ အုပ်ရှိသွားပြီ။ အခု အမျိုးသားစာပေဆုရွေးချယ်ခံရ တဲ့ သစ်ရွက်ပေါ်က ပျားရည်စက်များရသအက်ဆေးစုစည်းမှုက စတုတ္ထမြောက်ပါ။ ၂၀၁၈ ခုနှစ်မှာ ထုတ်ခဲ့တာ ပါ။ အရင်က စာပေဗိမာန်ဆု ၃ ကြိမ်လောက်ရဖူးပါတယ်။ ထွန်းစာပေဆုကိုလည်း ကလေးကဗျာနဲ့ ရဖူးပါ တယ်။ ပုဂ္ဂလိကပေးတဲ့စာပေဆုတော့ အကြိမ် ၃၀ လောက် ရဖူးပါတယ်။
ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံ  
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့်အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြည်သူ့ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Madam GaoXiaobing ဦးဆောင်သည့် နိုင်ငံတကာ ဆက်ဆံရေးဌာန၊ ကလေးသူငယ်စောင့်ရှောက်ရေးဌာနနှင့် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများနှင့် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။