ဟိုပုံး၊ ဖယ်ခုံနှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၃၃ ဧကဖျက်ဆီး
ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂ ရက်က စံဖူးကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိဖွံ့ ဖြိုးဆဲဘိန်းခင်း စုစုပေါင်း ၁၀ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။






