ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၁၂၆ ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) ပေးအပ်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဒေါတမကြီးကျေးရွာ လူငယ်ခန်းမဆောင်၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီး ဦးဘော့စ်ကို၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးထွန်းလှအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။







