နိုင်ငံတကာအဆင့်မီ အထွေထွေအာမခံနှင့် အသက်အာမခံဝန်ဆောင်မှု ပေးနိုင်ရန် GGI နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်း အာမခံကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ခြင်း စတင်
မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ အထွေထွေအာမခံနှင့် အသက်အာမခံ ဝန်ဆောင်မှုပေးနိုင်ရန် Grand Guardian Insurance (GGI) နှင့် ဂျပန်နိုင်ငံမှ ထိပ်တန်း အာမခံ ကုမ္ပဏီများဖြစ်ကြသော Tokio Marine နှင့် Nippon Life တို့ လုပ်ငန်းအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ Junction Square Compound ၌ကျင်းပသည်။




