၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၄၀ဝ၀ ကျော်နှင့် ပြည်တွင်းအလုပ်နေရာ ၂၆၀ဝ၀ ကျော်အား ခန့်ထားနိုင်ခဲ့

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံအလိုက် ပြည်ပအလုပ်အကိုင်ရရှိမှုအနေဖြင့် မလေးရှားနိုင်ငံသို့ ၆၄၇၂ ဦး၊ စင်ကာပူနိုင်ငံသို့ ၇၆ ဦး၊ ကိုရီးယားနိုင်ငံသို့     ၅၃၆ ဦး ထိုင်းနိုင်ငံသို့  ၁၆၆၉၁ ဦး၊ ဂျပန်နိုင်ငံသို့ ၆၁၉ ဦး၊ ယူအေအီးနိုင်ငံသို့ ၁ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၁၆၃ ဦး၊  ကာတာနိုင်ငံသို့ ၁၄ ဦး၊ စုစုပေါင်း ၂၄၅၇၂ ဦးကို အလုပ်အကိုင်အတွက် စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။
ရာဇဝတ်အထူးအယူခံမှု(၄)မှုနှင့် တရားမအထူးအယူခံမှု(၂)မှုကို စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု(၅)မှုကို ရုံးထိုင်ကြားနာ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ် အထူးအယူခံမှု (၄)မှုနှင့် တရားမအထူးအယူခံမှု (၂)မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု(၅)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။