ပေါင်းတည်မြို့နယ်၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားလေးစင်း တည်ဆောက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး  ပေါင်းတည်မြို့နယ် သဖန်းပင်ဆိပ်ကျေးရွာရှိ ဧက ၁၀၀ စံပြကွက်မှ လယ်ယာထွက်ကုန်များ ဈေးကွက်သို့ အချိန်မီရောက်ရှိစေရေး ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်းနှင့် ယင်းကုန်ထုတ်လမ်းပေါ်တွင် တံတားလေးစင်း တည်ဆောက်လျက်ရှိကြောင်း ပေါင်းတည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သံတောင်ကြီးမြို့ပေါ်ရပ်ကွက်ရှိ အစားအသောက် လက်လီလက်ကားအရောင်းဆိုင်များအား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း ဆောင်ရွက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သံတောင်ကြီးမြို့ပေါ်ရပ်ကွက်များရှိ အစားအသောက် ရောင်းချနေသောဈေးဆိုင်များအားစစ်ဆေးခြင်း အသိပညာပေးခြင်းလုပ်ငန်းများကို  ယနေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့ကြသည်။
စလင်းတမံ ရေပိုလွှဲပြင်ဆင်မှု မိုးတွင်းအမီပြီးစီးရန် ဒေသခံတောင်သူများလိုလားနေ
ဆည်ရေသောက်ဧရိယာ လယ်မြေဧကပေါင်း သုံးသောင်းသုံးထောင်အား ရေပေးဝေနိုင်မည့် စလင်းရေလှောင်တမံ ၊ ရေပိုလွှဲပျက်စီးနေခြင်းအား ဆည်မြောင်းဦးစီးဌာန(တည်ဆောက်ရေး) တာဝန်ရှိသူများက ပြင်ဆင်လျက်ရှိနေပြီး ဒေသခံ တောင်သူများဘက်မှလည်း မိုးတွင်းအမီပြီးစီးရန် မျှော်လင့်နေကြောင်း သိရသည်။ 
ဟားခါး၌ တရားစီရင်ရေးကျင့်ဝတ်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကျင်းပ
ပြည်ထောင်စုတရားလွှတ်ချုပ်နှင့် ဒိန်းမတ်−မြန်မာပူးပေါင်းဆောင်ရွက်သည့် တရားစီရင်ရေးကျင့်ဝတ် များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၂ နံနက် ၈ နာရီခွဲက ဟားခါးမြို့ CACC ခန်းမ၌ ကျင်းပသည်။