ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မျက်အချောထည်လုပ်ငန်းနှင့် လူထုဖြန့် ပျိုးဥယျာဉ်နှင့် စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ ကြည့်ရှုစစ်ဆေး
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇန်နဝါရီ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မျက်အချောထည်လုပ်ငန်း၊ ရုံးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း၊ လူထုဖြန့်ပျိုးဥယျာဉ်နှင့် စိမ်းလန်းစိုပြည်ရေးစိုက်ခင်းများ ကြည့်ရှုစစ်ဆေးသည်။





