ဗန်းမော်နည်းပညာတက္ကသိုလ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်
ကချင်ပြည်နယ် ဗန်းမော်မြို့ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်မှုကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ နည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းနှင့် ဆရာဆရာမ(၂ဝ)ဦး၊ ကျောင်းသားကျောင်းသူ (၃၅ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။






