ဆီဆိုင်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု(၁၃)အုပ်စုမှ ကျေးရွာ(၁၂၉)ရွာအား စွမ်းအားမြှင့် မီးဖိုအလုံး ၉၀ဝ၀ အခမဲ့ ဖြန့်ဝေပေးပြီးဖြစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(KOICA)နှင့် ရာသီဥတုပြောင်းလဲမှု ဗဟိုဌာန (Korea Climate Change Centre)တို့ ပူးပေါင်း၍ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှု လျှော့ချလာနိုင်ရေး၊ သစ်တောပြုန်းတီးမှုကို ကာကွယ်ရေး၊ မြန်မာနိုင်ငံအတွက် Carbon Credit များ ရရှိလာနိုင်ခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်းတို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော ကျေးရွာအုပ်စု(၁၃)အုပ်စုမှ ကျေးရွာ(၁၂၉)ရွာအား  စွမ်းအားမြှင့်မီးဖိုအလုံး(၉၀ဝ၀) အခမဲ့ ကွင်းဆင်းဖြန့်ဝေပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရ
ကော့သောင်းနယ်စပ်ဂိတ်တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးအပ်သည့်  မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကျန်းမာရေးစစ်ဆေးပြီး ပြန်လည်လက်ခံ
ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဥပဒေများအရ အရေးယူခံရပြီး  မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ၃၇ ဦး ၊ အမျိုးသမီး ၅ ဦး စုစုပေါင်း အလုပ်သမား ၄၂ ဦးကို  ယမန်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး ဌာနတာဝန်ရှိသူများက ကော့သောင်းနယ်စပ်ဂိတ်သို့ ရေလမ်းခရီးဖြင့် လာရောက် ပြန်လည်လွှဲပြောင်းပေးအပ်ရာ ကော့သောင်းမြို့နယ် ကျန်းမာရေးဌာနနှင့် တာဝန်ရှိ အဖွဲ့အစည်းများက ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်) ကူးစက်ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် တိုင်းတာစစ်ဆေးပြီး ပြန်လည်လက်ခံခဲ့ကြောင်း သိရ
ဟိုပုံးမြို့နယ်၌ မီးမရရှိသေးသည့်ကျေးရွာများကို စွမ်းအားမြှင့်မီးဖိုနှင့် ဆေးရည်စိမ်ခြင်ထောင်များ ကျေးရွာအရောက်ပေးအပ်
ကိုရီးယားနိုင်ငံ ရာသီဉတုပြောင်းလဲမှုဗဟိုဌာနမှ ထောက်ပံ့လှူဒါန်းသည့် စွမ်းအားမြှင့်မီးဖိုများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မီးမရရှိသေးသည့် ကျေးရွာများကို စွမ်းအားမြှင့်မီးဖိုနှင့် ဆေးရည်စိမ်ခြင်ထောင်များ ကျေးရွာအရောက် ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၁ နာရီက တိလုံကျေးရွာအုပ်စု၊ တီးတန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာနေပြည်သူများ စုပေါင်း၍  မင်းဘူး(စကု)မြို့နယ် အိုးပြင်မဲကျေးရွာရှိ မီးဘေးသင့် ပြည်သူများအား ဆန်နှင့် အိမ်အသုံးဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်စားသောက်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာ အုပ်ချုပ်ရေး ဦးဇော်လင်းထွန်း ဦးဆောင်၍ ရပ်မိရပ်ဖများက ကျေးရွာနေပြည်သူများ စုပေါင်းထည့်ဝင် လှူဒါန်းငွေကျပ်  ၇ သိန်းတန်ဖိုးရှိ ဆန်နှင့် အိမ်အသုံးအဆောင်ပစ္စည်းများ သွားရောက်ကူညီ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် ပုဂံဘုရား ၉၂ ဆူအား အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ စတင်လုပ်ဆောင်
၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံဒေသရှိ ရှေးဟောင်းဘုရား ၉၂ ဆူအား အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ယခုလအတွင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် လူငယ်ရေးရာကော်မတီမှ ဦးဆောင်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေ‌‌ဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီက ညောင်လေးပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်ပသည်။
ဓနုဖြူမြို့တွင် အမှိုက်စွန့်ပစ်မှု ပညာပေးခြင်းနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှု ကစားနည်းပြိုင်ပွဲများကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အမှိုက်စွန့်ပစ်မှုပညာပေးခြင်းနှင့် အမှိုက်ခွဲခြားစွန့်ပစ်မှု ကစားနည်းပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။