ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဒဏ်ရာရ ကျောင်းသူ၊ ကျောင်းသားများနှင့် တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအား အားပေးထောက်ပံ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်အတွင်းရှိ ဒဏ်ရာရ ကျောင်းသူ၊ ကျောင်းသားများနှင့် တိုက်ပွဲရှောင် တိုင်းရင်းသား ပြည်သူများအား သွားရောက်တွေ့ဆုံ၍ နှစ်သိမ့်အားပေး ထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကလေးမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် သူနာပြုသွားဖွားသင်တန်းကျောင်းတို့ရှိ သင်တန်းကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ သင်တန်းသားသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၁၁ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော တွေ့ဆုံပွဲသို့ တက်ရောက်သည်။
မြန်မာ့သရေစာ မုန့်စားပွဲတော်နှင့် ပညာရေးစုံညီပွဲတော်ကျင်းပ
မြန်မာ့သရေစာ မုန့်အမျိုးပေါင်း (၂၃)မျိုးပါဝင်သည့် မုန့်စားပွဲတော်နှင့် ပညာရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၊ ကဘဲ့ရပ်ကွက် မြို့မအခြေခံပညာ မူလတန်းကျောင်းတွင် စည်သားသိုက်မြိုက်စွာ ကျင်းပသည်။
ကွန်ကရစ်တိုင်ဝယ်ယူရေး တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP Phase-2 အတွက် လိုအပ်သော ကွန်ကရစ်တိုင်ဝယ်ယူနိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများနှင့် စာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကိုရီးယားသမ္မတနိုင်ငံ KB Kookmin Bank, Head of Global Business Group ၏ Senior Managing Director, Mr. Choi Chang Su အား လက်ခံတွေ့ဆုံ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကိုရီးယားသမ္မတနိုင်ငံ KB Kookmin Bank, Head of Global Business Group ၏ Senior Managing Director, Mr. Choi Chang Su အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ သင်ခန်းစာဆွေးနွေးပို့ချ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံ နက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ဖွင့်လှစ်ကျင်းပသည့် ရုံးဝန်ထမ်းများ စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၁/၂၀၂၀)တွင် သင်ခန်းစာဆွေးနွေးပို့ချသည်။