မန္တလေးတောင်တော် အတက်လမ်း ခေတ္တပိတ်ထားမည်

ငါးသိုင်းချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်စွန့်ပစ်မှုပညာပေးဟောပြောပွဲကျင်းပ
ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ အစီအစဉ်ဖြင့် အ-ထ-က ငါးသိုင်းချောင်း ကျောင်းခန်းမ၌ အမှိုက်စွန့်ပစ်မှုအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးက အဖွင့်အမှာစကား ပြောကြားခဲ့
ပွင့်ဖြူမြို့နယ်၌ သစ္စာစီမံချက်ဖြင့် ကျောင်းသားကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ပေး
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီး အရာရှိ ဦးအောင်ဇော်တင့် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဖေဖော်ဝါရီ ၁၉ ရက်  နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများအား သစ္စာ စီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ
ဒေးဒရဲမြို့၌ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေး ကုန်မျိုးစုံအရောင်းဆိုင်များအား ရှောင်တခင် စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဘေးကင်း လုံခြုံမှုရှိစေရန် ရည်ရွယ်၍ စည်ပင်သာယာမြို့မဈေးနှင့် အမှတ်(၁)ရပ်ကွက်ရှိ ကုန်မျိုးစုံ လက်လီ လက်ကား အရောင်းဆိုင်များအား ယမန်နေ့ နံနက်ပိုင်းက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့
ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော်ကျင်းပ
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် လူငယ်ရေးရာကော်မတီမှ ဦးဆောင်ကျင်းပသော စာဖတ်ရှိန်မြှင့်တင် ရေး နှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက် ၉ နာရီက ညောင်လေးပင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပ
လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများသို့ စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေ
ပခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးလက်ဒေသများအား စိုက်ပျိုးရေး ဦးစီးဌာန၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီနှင့် ကိုရီးယား ရာသီဥတု ပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထင်းသုံးစွဲမှုလျှော့ချရေး၊ သစ်တောပြုန်းတီးမှု ကာကွယ်နိုင်ရေးနှင့် ကာဗွန်ထုတ်လုပ်မှုလျှော့ချနိုင်ရေးတို့အတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာဦးနှင့် ဝန်ထမ်းများက ဖေဖော်ဝါရီ(၄)ရက်မှ စတင်၍ ကျေးရွာအရောက် ဖြန့်ဝေပေးလျှက်ရှိ