ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ထိုင်းနိုင်ငံ၊ Neighbouring Countries Economic Development Cooperation Agency (NEDA) ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ Neighbouring Countries Economic Development Cooperation Agency (NEDA) ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။





