တောင်သူများ မိုးရာသီစိုက်ပျိုးရေးစရိတ် ချေးငွေ (၇၁ ဒသမ ၅၂) ရာခိုင်နှုန်းကျော် ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာပြောကြား
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ်အတွင်းရှိ တောင်သူများ မိုးရာသီ စိုက်ပျိုးရေးစရိတ် ချေးငွေများ ပြန်လည်ပေးဆပ်ကြရာတွင် ဖေဖော်ဝါရီ (၂၄) ရက်အထိ ချေးငွေအားလုံး၏ (၇၁ ဒသမ ၅၂) ရာခိုင်နှုန်းအား ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်း မုံရွာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဦးဘိုစိုး၏ ပြောကြားချက်အရ သိရသည်။






