ကန့်သက်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ကျော်တောစေတီတော်၌ ရွှေသင်္ကန်းနှင့် ထုံးဆေးသင်္ကန်းများ ကပ်လှူပူဇော်
ဂန့်ဂေါခရိုင် ကျောမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး၊ စာတိုက်၊ မီးရထားဌာနဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကန့်သက်ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ကျော်တောဘုရား(ခ) ရေဝိုင်းဘုရားစေတီတော် ပရိဝုဏ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ပြီး ရွှေသင်္ကန်းနှင့် ရေဆေး၊ ထုံးသင်္ကန်း များ ကပ်လှူပူဇော်ကုသိုလ်ပြုခဲ့ကြသည်။






