မြိတ်မြို့တွင် မီးဘေးအန္တရာယ်တားဆီးရေးအတွက် သမိုင်းဝင်ကန်တော် မင်္ဂလာရေကန်မှ ရေပိုက်သွယ်တန်းကာ မီးငြိမ်းသတ်ရေပိုက်ငုတ်များ တိုးချဲ့တပ်ဆင်မည်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ကန်တော်မင်္ဂလာရေကန်မှ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ရေကန်အနီးရှိ ရေဂါလံ ၆၀ဝ၀ ဆန့်ရေစင်မှ နောက်လယ်ရပ်ကွက် အောင်ချမ်းသာဓမ္မာရုံ ရေကန်အထိ ရေပိုက်သွယ်တန်းကာ မီးငြိမ်းသတ်ရေပိုက်ငုတ်များကို စည်ပင်သာယာရေး ကော်မတီမှ ဉီးဆောင်၍ တိုးချဲ့တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့၌ ၂၀၂၀ ပြည့်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်းကျင်းပမည်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ၂၀၂၀ပြည့်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူ ပြည်သူများ အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကို မြိတ်ခရိုင် ပိတောက်ရွှေစင် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့်အတူ မြိတ်တောင်ရပ်ကွက်တွင် စုစည်းကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် စုပေါင်း ရဟန်းခံ ရှင်ပြုအလှူတော်ကြီး ပြုလုပ်မည်
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်တွင် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်ကြီး ကျင်းပပြုလုပ်မည်ဟု သိရ
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်)ဒီပလိုမာ အောင်လက်မှတ်အပ်နှင်း
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်) အမှတ်စဉ် (၂၀) သွားတုလုပ်ငန်း ကျွမ်းကျင်မှု ဒီပလိုမာ သင်တန်းနှင့် အမှတ်စဉ် (၂) သွားကျန်းမာရေးသူနာပြု ဒီပလိုမာသင်တန်း အောင်လက်မှတ် အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ် ရွှေရတုခန်းမ၌ ကျင်းပ
ဖာပွန်မြို့၌ "ကြိုတင်ကာကွယ်ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပမည်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ "ကြိုတင်ကာကွယ်ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)  ဆွေးနွေးပွဲကို ခရိုင်ပြန်ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
မြိတ်မြို့တွင် ဆေးဆိုင်များအား ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချခြင်း ရှိမရှိ  ကွင်းဆင်းစစ်ဆေး 
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများအတွက် ဆေးဆိုင်များအား ဆေးဝါးရောင်းချမှုကျင့်စဉ်နှင့်အညီ ရောင်းချခြင်းရှိမရှိကို တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မြိတ်ခရိုင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများသည်   ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲက မြိတ်မြို့ရှိ ဆေးဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြသည်။