မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာတွင် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
ကျေးလက်နေပြည်သူများ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို အများပြည်သူကြားတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် ပြည်သူလူထု၏ စဉ်စားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Pubkic Talk) ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရှိရသည်။








