ဓနုဖြူမြို့တွင် အခမဲ့ မျက်စိခွဲစိတ်ကုသပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့အာယုဒါန ကျန်းမာရေးစောင့်ရှောက်မှုအသင်း၏ ဦးစီးဆောင်ရွက်မှုဖြင့် ဓနုဖြူမြို့နယ် အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသ ပေးခြင်းကို ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီက စတင်၍ ဓနုဖြူမြို့၊ အမှတ်( ၇ )ရပ်ကွက်၊ ဈေးပိုင်းဓမ္မာရုံ၌ စမ်းသပ်စစ်ဆေးပေးခဲ့သည်။







