ကျီခါးမြို့တွင် ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည်

ချင်းပြည်နယ် ကျီခါးမြို့၌ မြို့ရေပေးဝေရေးလုပ်ငန်းကို စည်ပင်ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံ ငွေကျပ် ၂၇၃ ဒသမ ၇၉ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြေသြဇာကော်မတီ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးကျင်းပ
မြေသြဇာကော်မတီ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ် - ၁၃၈ အား လက်ခံကျင့်သုံးရေးနှင့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရား ထူထောင်ဆဲကြားကာလ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ
ILO ၏ အငယ်ဆုံးအသက်ပြဋ္ဌာန်းချက်အမှတ် - ၁၃၈ အား လက်ခံကျင့်သုံးရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားထူထောင်ဆဲ ကြားကာလတွင် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group - HLWG) ညှိနှိုင်းအစည်းအဝေးကို
ရွေ့လျားစာကြည့်တိုက် မော်တော်ယာဥ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ငှါးရမ်းပေးလျက်ရှိ

မုဒုံ ၄ မတ်      

စာရပေအနောက်စုကျေးရွာသို့ ဂါလန် ၅၀၀ ဆံ့ ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပေးဝေရေးစနစ် လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စာရပေအနောက်စုကျေးရွာသို့ ဂါလန် ၅၀၀ ဆံ့ရေစင်နှင့် အိမ်တိုင်ရာရောက် ရေပေးဝေရေးစနစ် လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။
တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနသို့ ခရိုင်မီးသတ်ဦးစီးမှူးနှင့်အဖွဲ့ မီးဘေးလုံခြုံရေးစစ်ဆေး
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် မီးသတ်ဦးစီးဌာနသည် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသူကျောင်းသား စိတ်အေးချမ်းသာ စာမေးပွဲဖြေဆိုနိုင်ရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စာစစ်ဌာနကျောင်းများသို့ ယနေ့နံနက် ၁၀ နာရီတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အင်းတော်မြို့နယ်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဒီပင်္ကရာစေတီတော်မြတ်ကြီးနှင့် ဘုန်းတော်ကြီး ကျောင်းတိုက်(၂)တိုက် အနည်းငယ်ပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် မတ် ၄ ရက် နံနက် ၆ နာရီ မိနစ် ၅၀ က ကသာမြို့၏ အနောက်မြောက်ဘက် (၂၁)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် မော်လူးဒေသ(၉) တိုက်နယ် သမိုင်းဝင်စေတီတော်မြတ်ကြီးနှင့် ဘုန်းတော်ကြီး ကျောင်းတိုက်(၂)တိုက် အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။