မော်လူး ၄ မတ် 

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် မတ် ၄ ရက် နံနက် ၆ နာရီ မိနစ် ၅၀ က ကသာမြို့၏ အနောက်မြောက်ဘက် (၂၁)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် မော်လူးဒေသ(၉) တိုက်နယ် သမိုင်းဝင်စေတီတော်မြတ်ကြီးနှင့် ဘုန်းတော်ကြီး ကျောင်းတိုက်(၂)တိုက် အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။

 

1

 

အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် မော်လူးဒေသ(၉) တိုက်နယ် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ အသစ်တစ်ဖန် တည်ထားကိုးကွယ်လျက်ရှိသော ထီးတော်စိန်ဖူးမှာ အရှေ့ဘက်သို့ အနည်းငယ်တိမ်းစောင်းခဲ့ပြီး အာရုံခံအဆောက်အဦ အောက်ခြေပတ်လည်တွင် မြေသားများ အက်ကွဲခဲ့ကြောင်း၊ အရံစေတီတော် ပတ်လည်ထောင့်များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နဂါးရုံဘုရား၏ အနောက်မုခ်ဦး ပြိုကျပျက်စီးခဲ့ပြီး သုံးထပ်ဆောင် သံဃာနားဆောင်၏ အောက်ခြေနှင့် အလယ်တိုက်ခန်း ပတ်လည်တို့တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကြောင်း၊ အဆိုပါ ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ တောင်ဘက် ၂ ဖာလုံခန့်အကွာရှိ ဖုန်ကုန်းစေတီအဝင်မုခ်ဦး ပြိုကျပျက်စီးခဲ့ပြီး အာရုံခံအဆောက်အဦ ဘုရားခန်းပန်းဆွဲများ ပြိုကျပျက်စီးကာ အဆိုပါဖုန်ကုန်းစေတီ၏ အနောက်ဘက်ရှိ ရေတွင်းဟောင်းမှ ရေပွက်များမှာ ငလျင်လှုပ်ခတ်ပြီးချိန်မှစ၍ ရေပွက်များ ဆက်တိုက်ပွင့်ထက်နေကြောင်း တွေမြင်ခဲ့ရသည်။

 

2

 

အဆိုပါ ငလျင်လှုပ်ခတ်ရာသို့ မော်လူးဒေသ(၉) တိုက်နယ် ဒီပင်္ကရာစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တဉာဏိကနှင့် သံဃာတော် အရှင်သူမြတ်များ၊ မော်လူးမြို့အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့် မော်လူးဒေသ(၉)တိုက်နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဂေါပကဥက္ကဋ္ဌ ဦးတင်နွယ်နှင့်အဖွဲ့ဝင်များ ရောက်ရှိခဲ့ပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကာ ဆက်လက်ပြုပြင် ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နီတိုး

 

3