ဘုတလင်မြို့နယ်တွင် ထန်းရည်ယစ်မျိုးလိုင်စင်များ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထန်းရည် ယစ်မျိုးလိုင်စင်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆာင်မှုရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူတွင် အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထား တင်ပြနိုင်ရေး ဆွေးနွေးပွဲပြုလုပ်
အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးဆိုင်ရာကော်မတီ (မကွေးတိုင်းဒေသကြီး)၏ အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားတင်ပြနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ(၁)ခန်းမ၌ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
နွေရာသီတွင် ရေအခက်အခဲကြောင့် ကန်များပြုပြင်လိုလျင် အကူအညီတောင်းခံနိုင်
အညာဒေသ၏ နွေဦးရာသီကာလတွင် ရေအခက်အခဲဖြစ်နေပြီး နေထိုင်ရာကျေးရွာဒေသများရှိ သောက်သုံး ရေကန်များပြုပြင်ရန် လိုအပ်ပါက သက်ဆိုင်ရာမြို့နယ်များရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနများတွင် အကူအညီတောင်းခံနိုင်ကြောင်း အဆိုပါဦးစီးဌာန တိုင်းအဆင့် တာဝန်ရှိသူထံမှ သိရ
ဝါမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲ ကျင်းပ
ဝါမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲက စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်‌ကျေးရွာရှိ ဦးတင်ထွန်း၏ ဝါဒိုင်၌ ပြုလုပ်ခဲ့သည်။
သရက်ချောင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၀)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံစီမံကိန်း တွံတေးမြို့နယ် ဘုရားကြီးစုကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်

မော်လိုက်မြို့သို့ ၆၆ ကေဗွီ ကလေးဝ-မော်လိုက်ဓာတ်အားလိုင်း တည်ဆောက်နေမှု ၈၁ ရာခိုင်နှုန်းပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်း ၂၄ နာရီ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် မြို့မ(၂)ရပ်ကွက်၊ အောင်သာယာရပ်တွင် တည်ဆောက်ခဲ့သည့် ၆၆/၁၁ ကေဗွီ (၁၀ အမ်ဗွီအေ) ဓါတ်အားခွဲရုံသို့ ၆၆ ကေဗွီ ကလေးဝ-မော်လိုက်ဓါတ်အားလိုင်းတည်ဆောက်ခြင်းလုပ်ငန်းအနေဖြင့် ၈၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းအောင် ထံမှ သိရသည်။