အဆုတ်ရောဂါ လက္ခဏာကြောင့် စောင့်ကြည့်နေသည့်လူနာ သေဆုံး တစ်သျှူးနမူနာ စစ်ဆေးခြင်းအဖြေ ယနေ့ညနေတွင် ရမည်ဟု မန္တလေးဆေးရုံကြီး ဒုတိယဆေးရုံအုပ် ပြောကြား

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် အဆုတ်ရောဂါလက္ခဏာကြောင့် စောင့်ကြည့်နေသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီး ယနေ့မနက်ပိုင်းတွင် သေဆုံးသွားကြောင်း သိရ
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များနှင့် ၂၀၂၀ ပြည့်နှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော်များနှင့် ၂၀၂၀ ပြည့်နှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံယူမည့် ဆရာတော်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့ မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ-----
မန်းရေနံမြေ ဒေသခံများအတွက် မွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အသိပညာပေး ဆွေးနွေး
မန်းရေနံမြေ ဒေသခံများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများအပြင်  အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် MPRL E&P Pte Ltd. နှင့် မင်းဘူး (စကု)မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏  ပူးပေါင်းစီစဉ်ပံ့ပိုးမှုဖြင့် မန်းရေနံမြေ ထိစပ် ကျေးရွာများဖြစ်သည့် မန်းကျိုးကျေးရွာနှင့် ကျွဲချကျေးရွာတို့တွင် ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေး ဆိုင်ရာ အသိပညာပေးပွဲများကို စီစဉ်ဆောင်ရွက်ခဲ့သည်။
မန္တလေးမြို့တွင် ဗဟု Application မိတ်ဆက်ပွဲနှင့် ‘’ဗဟုလူမှုရပ်ဝန်း’’ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ
ဗဟု Application မိတ်ဆက်ပွဲနှင့် ‘’ဗဟုလူမှုရပ်ဝန်း’’ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ Hilton Hotel တွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေးကျင်းပ
အခြေခံပညာ အလယ်တန်း၊ အထက်တန်း သင်ရိုးညွှန်းတမ်းရေးဆွဲရေး အစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင်  ရန်ကုန်မြို့ ပါမောက္ခချုပ်များကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။  
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာတွင် သောက်သုံးရေရရှိရေးဆိုင်ရာ စစ်တမ်းများ ကွင်းဆင်းကောက်ယူ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများကို သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိစေရန်ရည်ရွယ်၍  ကျောင်းတော်ရာ-၁၊ ကျောင်းတော်ရာ-၂၊ ဘူးသည်၊ ဇောင်ချမ်းကုန်း၊ ကျောက်ပန်းတောင်း၊ ရွာသစ်၊ မင်းမြေ-၁၊ မင်းမြေ-၂၊ သစ်တော်၊ မင်းလှ ကျေးရွာ၁၀ရွာရှိ သောက်သုံးရေရရှိရေးဆိုင်ရာ ရေအရင်းအမြစ်စစ်တမ်းများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်း ကောက်ယူခဲ့ကြောင်း သိရသည်။
ရေဘေးခိုလှုံရေး School Cum Shelter နှင့် Cyclone Shelter များတည်ဆောက်မှု (၈၀)ရာခိုင်နှုန်းပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ရိုးတစ်လျောက်နှင့် မြစ်သာမြစ်ရိုးတစ်လျောက်ရှိ ကျေးရွာများ တည်ဆောက်လျက်ရှိသော School Cum Shelter နှင့် Cyclone Shelter များ တည်ဆောက်ရေးလုပ်ငန်းများ (၈၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၏ ပြောကြားချက်အရ သိရ