တာမိုးညဲမြို့နယ်ခွဲ ပြည်သူ့ဆေးရုံနှင့် မုံးစီးကျေးရွာအုပ်စုအတွင်းရှိ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများလှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်ခွဲ ပြည်သူ့ဆေးရုံသို့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) ကြိုတင် ကာကွယ်ရေးအတွက် အသုံးပြုရန် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ ဧပြီ(၂၀)ရက်နေ့ နံနက်(၉)နာရီက လာရောက်လှူဒါန်း
မုဒုံမြို့နယ်တွင် အဖျားရောဂါ ကုသမှုဆေးခန်း (Fever Clinic)ဖွင့်လှစ်ရန်ဆောင်ရွက်
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် မုဒုံမြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မုဒုံမြို့နယ်ဆရာဝန်အသင်းတို့ ပူပေါင်း၍ Fever Clinic (အဖျာရောဂါ ကုသမှုဆေးခန်း)ကို အ.လ.က (သင်္ဘောဦး)ကျောင်း၌ ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရ
မြစ်သားမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်   အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ PPE ဝတ်စုံ အစုံ ၈၀ လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့က မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိ တိုက်နယ် ဆေးရုံ(၄)ခု၊ ကျေးလက်ကျန်းမာရေး ဌာန(၄)ခု တို့သို့ PPE ဝတ်စုံ(၈၀)စုံအားပေးအပ်လှူဒါန်းခဲ့
မိတ္ထီလာမြို့၌ အငြိမ်းစားပင်စင်များ ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ပင်စင်ထုတ်ယူသည့်နေရာ လေးနေရာဖြင့် ထုတ်ပေးလျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက်  ဈေးရောင်းသူများအား  ပလတ်စတစ်အကြည် မျက်နှာဖုံးများ ဝေငှပေး
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် နိုင်ရန်အတွက် ဈေးသူပြည်သူများအား ပလတ်စတစ်အကြည် မျက်နှာဖုံးများ ဝေငှပေးခြင်းကို ဧပြီ ၂၁ ရက်နေ့ နံနက်ပိုင်းက သရက်ချောင်းမြို့ စည်ပင်သာယာရေး ဈေးကြီးအတွင်း လိုက်လံဝေငှ ပေးခဲ့ကြောင်း သိရ
မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့နှင့် တပ်မတော်သားများ ပူးပေါင်း၍ မန္တလေးတောင်ခြေရှိ ဘုန်းတော်ကြီး ကျောင်းလေးကျောင်းတွင် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်
ကိုဗစ်-၁၉  ရောဂါကာကွယ် တားဆီးနိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို မန္တလေးခရိုင် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပူးပေါင်း၍ မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် မန္တလေးတောင်ခြေအနီးရှိ ဘုန်းတော်ကြီးကျောင်း ၄ ကျောင်းတွင် ဧပြီ ၂၁ ရက် နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြ
ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ  ပေးပို့လှူဒါန်းသည့် PPE ဝတ်စုံ(၉၅)စုံ လွှဲပြောင်းလှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဌာနများတွင် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများတွင် သုံးစွဲနိုင်ရန်အတွက် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ပေးပို့လှူဒါန်းသည့်  PPE ဝတ်စုံ များကို၊ ဧပြီ(၂၁)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျောက်ပန်းတောင်းတပ်နယ်မှူးမှ လွှဲပြောင်းလှူဒါန်းခဲ့ကြောင်း သိရ